27 April 2024

ယနေ့မိုးလေဝသ ၄၈ ခရိုင်မိုးကြီးမည်

 

နိုဝင်ဘာလ ၂ ရက် ၂၄ နာရီ မိုးလေဝသခန့်မှန်းချက်မှာ ထိုင်းမိုးဇလက ထိုင်းနိုင်ငံရှိ ခရိုင် ၄၈ ခု မိုးကြီးနိုင်ပြီး တောင်ကျချောင်းရေလျံဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

 

ယနေ့နံနက် ၆ နာရီမှ မနက်ဖြန် နံနက် ၆ နာရီထိ ၂၄ နာရီ မိုးလေဝသခန့်မှန်းချက်။

ထိုင်းမြောက်ပိုင်းခရိုင်တွေဖြစ်တဲ့
ချင်းမိုင်၊ လမ်ပွန်၊ လမ်ပန်၊ ဖရောင်၊ ဖရဲ့၊ နန့်၊ တာ့ခ်၊ စူခိုထိုင်း၊ ဖိစနုရို့၊ ကမ်ဖင်ဖစ် ခရိုင်နှင့် ဖစ်ချဘူရီခရိုင်တို့မှာ ဒေသတွင်း ၆၀ ရာခိုင်နှိုန်းမိုးရွာသွန်းနိုင်ပြီး၊ လေတိုက်နှုန်း တစ်နာရီ ၁၀-၂၀ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင်ပါတယ်၊ အနှိမ့်ဆုံးအပူချိန် ၂၀-၂၄ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံးအပူချိန် ၃၀-၃၄ ထိရှိနိုင်ပါတယ်။

 

ထိုင်းနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့
နခွန်စဝမ် ချိုင်းရနာ့၊ ကန်ကျနဘူရီ၊ စူဖန်ဘူရီ၊ နခွန်ပထုမ်၊ ရာ့ဘူရီ၊ စမွတ်စုန်ခရမ်နှင့် စမွတ်ဆာခွန်ခရိုင် တို့တွင်

ဒေသတွင်း ၄၀ ရာခိုင်နှိုန်းမိုးရွာသွန်းနိုင်ပြီး၊ လေတိုက်နှုန်း တစ်နာရီ ၁၀-၂၀ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နိုင်ပါတယ်၊ အနှိမ့်ဆုံးအပူချိန် ၂၂-၂၅ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံးအပူချိန် ၃၂-၃၄ ထိရှိနိုင်ပါတယ်။

 

ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသတွေဖြစ်တဲ့
ပရာကျင်ဘူရီ၊ ချချင်ဆောင်း၊ စရာ့ကဲ့ယောက်၊ ချွန်ဘူရီ နှင့် ရယောင်း ခရိုင်တို့မှာ ဒေသတွင်း ၃၀ ရာခိုင်နှိုန်းမိုးရွာသွန်းနိုင်ပြီး၊ လေတိုက်နှုန်း တစ်နာရီ ၁၀-၃၀ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင်ပါတယ်၊ အနှိမ့်ဆုံးအပူချိန် ၂၄-၂၅ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံးအပူချိန် ၃၃-၃၄ ထိရှိနိုင်ပါတယ်။ ပင်ယ်ကမ်းရိုးတန်းဒေသတွေမှာ ပင်လယ်ရေ ၁ မီတာထိ မြင့်တက်နိုင်ပါတယ်။

 

ထိုင်းနိုင်ငံတောင်ပိုင်း (အရှေ့ပိုင်း) ခရိုင်တွေဖြစ်တဲ့
စူရတ်ဌာနီ၊ နခွန်စီထမ်မရတ်၊ ဖတ်ထလုမ်၊ စုမ်ခရာ၊ ယလာ၊ ပတ်သနီ ခရိုင်နှင့် နရာထိဝတ် ခရိုင်တို့မှာ ဒေသတွင်း ၇၀ ရာခိုင်နှိုန်းမိုးရွာသွန်းနိုင်ပြီး၊ လေတိုက်နှုန်း တစ်နာရီ ၁၅-၃၅ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင်ပါတယ်၊ အနှိမ့်ဆုံးအပူချိန် ၂၃-၂၅ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံးအပူချိန် ၂၉-၃၃ ထိရှိနိုင်ပါတယ်။ ပင်ယ်ကမ်းရိုးတန်း ဒေသတွေမှာ ပင်လယ်ရေ ၁-၂ မီတာထိ မြင့်တက်နိုင်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း (အနောက်ပိုင်း) ခရိုင်တွေဖြစ်တဲ့
ဖန်ငါ၊ ကရဘီ၊ တရန်နှင့် စတွန်ခရိုင်တို့မှာ ဒေသတွင်း ၆၀ ရာခိုင်နှိုန်းမိုးရွာသွန်းနိုင်ပြီး၊ လေတိုက်နှုန်း တစ်နာရီ ၁၀-၃၀ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင်ပါတယ်၊ အနှိမ့်ဆုံးအပူချိန် ၂၁-၂၄ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံးအပူချိန် ၃၁-၃၃ ထိရှိနိုင်ပါတယ်။ ပင်ယ်ကမ်းရိုးတန်း ဒေသတွေမှာ ပင်လယ်ရေ ၁ မီတာထိ မြင့်တက်နိုင်ပါတယ်။

 

ဘန်ကောက်နှင့်အနီးတစ်ဝိုက်
ဒေသတွင်း ၄၀ ရာခိုင်နှိုန်းမိုးရွာသွန်းနိုင်ပြီး၊ လေတိုက်နှုန်း တစ်နာရီ ၁၀-၂၀ ကီလိုမီတာနှုန်းဖြင့်တိုက် ခတ်နိုင်ပါတယ်၊ အနှိမ့်ဆုံးအပူချိန် ၂၅-၂၆ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံးအပူချိန် ၃၂-၃၄ ထိရှိနိုင်ပါတယ်။

SHARE THIS NEWS

OTHER NEWS