26 April 2024

မြို့တော်ဗန်ကောက်တွင် ညမထွက်ရအမိန့်ကိုဖျက်သိမ်းလိုက်ပြီဖြစ်သော်လည်း စားသောက်ဆိုင်များတွင် ည ၉ နာရီအထိသာ အရက်ဘီသာထိုင်သောက်ခွင့်ပြုထားသည်ဟု ဗန်ကောက်မြို့တော်ဝန် အတည်ပြု။

 

မြို့တော်ဗန်ကောက်အပါအဝင် ခရိုင်တချို့တွင် ညမထွက်ရအမိန့်ဖျက်သိမ်းလိုက်သည်နှင့်တပြိုက်နက်စားသောက်ဆိုင်များတွင် အရက်ဘီယာထိုင်သောက်ခွင့်ပြုထားသော်လည်း ည ၉ နာရီအထိသာခွင့်ပြုထားသည်ဟု ဗန်ကောက်မြို့တော်ဝန် ရဲဗိုလ်ချုပ်ကြီး အတ်စဝင် ခဝမ်းမူယန် ကအတည်ပြုပြောကြားသည်။

 

ထိုင်းယမကာလုပ်ငန်းအသင်းက ည ၁၁ နာရီအထိဆိုင်ထိုင်သောက်ခွင့်ပြုရန် တင်ပြထားသော်လည်းတဆင့်ချင်းစီဖြေလျှော့ရမည်ဖြစ်၍ မဖြစ်နိုင်သေးကြောင်းနှင့် အခြေအနေကို ၂ ပတ်တစ်ခါအကဲဖြတ်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန်က ဆိုသည်။

 

ည ၉ နာရီကျော်လွန်ပြီးနောက် မှာထားသည့်ယမကာများမကုန်သေးလျှင် ကုန်အောင်သောက်ရမည်သို့မဟုတ် အဖုံးပိတ်ပြီးအိမ်ယူပြန်နိုင်သည်ဟု မြို့တော်ဝန်က အကြံပြုထားသည်။ ထိုသို့လုပ်ဆောင်ခြင်းမပြုလျှင် ၂၄ နာရီစစ်ဆေးရေးဝင်မည်ဖြစ်၍ သွန်ပစ်ရမည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS