19 April 2024

,

၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် စင်ကာပူအသင်း ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ၁၀ ရက်ကြာစခန်းသွင်းလေ့ကျင့်ရန် တာစူ။

လာမယ့်ဒီဇင်ဘာလဆန်းမှာစတင်ကျင်းကမယ့် ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲ (AFF Suzuki Cup 2020) အ တွက် အသင်းပြင်ဆင်တဲ့အနေဖြင့် အိမ်ရှင်စင်ကာပူအသင်းက ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ နိုဝင်ဘာ ၈ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၁၀ ရက်ကြာ စခန်းသွင်းလေ့ကျင့်မှုပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့ သိရ ပါတယ်။

အသင်းနည်းပြချုပ် ယိုချီဒါက ပမာဏအမည်စာရင်း ၂၇ ဦးကို ထုတ်ပြန်လိုက်တဲ့နောက်မှာ အာဆီယံဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတစ်ရပ်အနေနဲ့ အခုလို ယူအေအီးနိုင်ငံမှာ စခန်းသွင်းလေ့ကျင့်ဖို့ ပြင်ဆင်လာတာလို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက စင်ကာပူပြည်တွင်းလိဂ်ပွဲစဉ်တွေပြီးဆုံးသွားပြီဖြစ်လို့ အခုခရီးစဉ်မှာ ပြည်တွင်းကစားသမားတွေသာပါဝင်မှာဖြစ်ပါတယ်။ အရှေ့တောင်အာရှချန်ပီယံဆုကိုလေးကြိမ်တိုင်တိုင်ဆွတ်ခူးထားတဲ့အသင်းဟာ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကာဂျစ္စတန်အသင်းနဲ့ခြေစစ်ပွဲကစားဖို့ရှိ နေပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ မော်ရိုကိုအသင်းနဲ့ခြေစစ်ပွဲကစားဖို့စီစဉ်ထားပါတယ်။

၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့ကနေ ဇန်နဝါရီ ၁ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS