29 March 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်တွင် တစ်ဦးလျှင်ပွဲစားခဘတ် ၁ သောင်းပေးပြီးတရားမဝင်နေရပ်ပြန်သည့်ထိုင်းသုံးဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး။

 

ယမန်နေ့ညတွင် တာချီလိတ်မြို့တဖက်ကမ်းရှိ မယ်ဆိုင်မြို့နယ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှ ပုံမှန်ကင်းလှည့်နေစဉ် ထိုင်း-မြန်မာချစ်ကြည်ရေးအမှတ် (၁) တံတားအနီးတွင် တရားမဝင် ပြန်လည်ခိုးဝင်လာသည့်ထိုင်းမိသားစုဝင်သုံးဦးကိုဖမ်းဆီးရမိခဲ့သည်ဟု TopNorth News သတင်းဌာနမှာဖော်ပြထားသည်။

 

အသက် ၅၃ နှစ်အမျိုးသမီး ၁ ဦးအပါအဝင် အသက် ၁၂ နှစ်ကလေးယောက်ကျားလေးတစ်ဦးနှင့်အသက် ၇ နှစ်ရှိကလေးမိန်းကလေးတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့သည် နေရပ်ဖြစ်သည့်ချင်းမိုင်မြို့သို့ခရီးဆက်မည့်သူများဖြစ်သည်ဟု ထွက်ဆိုသည်။

 

အဆိုပါမိသားစုဝင် ၃ ဦးစလုံးသည် ပြီးခဲ့သည့် ဩဂုတ်လတွင် မြန်မာနိုင်ငံဘက်သို့သွားရောက်ခဲ့ခြင်းဖြစ်ပြီး နေရပ်ပြန်ရန်အတွက် တစ်ဦးလျှင်ပွဲစားခ ဘတ် ၁ သောင်းပေးခဲ့ရကာ ပွဲစားကထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးသို့လာရောက်ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

 

ထို့နောက် တရားဉပဒေအရအရေးယူဆောင်ရွက်နိုင်ရန်အတွက် မယ်ဆိုင်နယ်မြေရဲစခန်းသို့ဆက်လက်ပို့ဆောင်ခဲ့သည်ဟု နယ်ခြားစောင့်တပ်ဖွဲ့ကဆိုသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS