27 April 2024

,

မိမိကားနံပါတ်ပြားကို လူတစ်ဦးကညွှန်ပြသည်ဟု အိမ်မက်မက်ပြီးနောက် ကားနံပါတ်ဂဏန်းကို အစောင်ရေ ၃၀ ထီကံစမ်းရာမှ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဘူရီရမ်ခရိုင်ရှိ ထိုင်းအမျိုးသမီးတစ်ဦး

ဘတ် ၆ သန်းကံထူး။

သူမ၏ကားနံပါတ်ဖြစ်သော ၅၆၁ ဂဏန်းကို လူတစ်ဦးကညွှန်ပြသည်ဟုအိမ်မက်မက်ပြီးနောက် ၆၁ နောက်ပိတ်ဂဏန်းပါထီလက်မှတ်များကို ထီသည်အသီးသီးထံမှ အစောင်ရေ ၃၀ လိုက်လံဝယ်ယူခဲ့ပြီးသူငယ်ချင်းဖြစ်သူထံမှအွန်လိုင်းကဆင့် ၇ စောင်ဝယ်ယူခဲ့သည့်ထီလက်မှတ်မှ ပထမဆု ဘတ် ၆ သန်း၁ စောင်ကံထူးခဲ့သည်ဟု ကံထူးရှင်ဖြစ်သူ ဖန်နိကာ ကဆိုသည်။

ထီကံထူးသည်ဟုသိရှိရပြီးနောက် သူငယ်ချင်းဖြစ်သူ၏သစ်သီးဖျော်ရည်ဆိုင်သို့သွားရောက်ပြီး ထီလက်မှတ်ရယူခဲ့ပြီးနောက် ရဲစခန်းသို့သွားရောက်ပြီး ရဲမှတ်တမ်းတင်ခဲ့သည်ဟု သိရသည်။

ထီကံထူးသည့်ငွေများဖြင့် ပစ်အပ်ကားအရစ်ကျဝယ်ယူထားသည့်လက်ကျန်ကြွေးမြီများကိုအကြေပေးလျော်မည်ဖြစ်ပြီး ကျန်ရှိငွေများကို မိသားစုနှင့်အတူကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်မည်ဟု အသက် ၂၇ နှစ်ရှိ ကံထူးရှင်ကဆိုသည်။

အိမ်ရာပေါ်လှဲနေသည့်ထီသည်တစ်ဦးကိုသနား၍ ထီလက်မှတ် ၁၀၄ စောင်ဝယ်ယူအားပေးပြီး သူမဆိုင်တွင်ပြန်လည်ရောင်းချရာမှ သူငယ်ချင်းဖြစ်သူ ကံထူးသည့်အတွက် အတိုင်းမသိဝမ်းသာသည်ဟု သစ်သီးဖျော်ရည်ရောင်ချနေသူ ပတ္တရာဝတီ ခမ်ဖိရတ် အသက် ၂၇ နှစ်ကဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS