26 April 2024

ရက် ၉၀ ကျော်လွန်နေထိုင်သည့် နိုင်ငံခြားသားများကို ဒီဇင်ဘာ ၃၁ ရက်နေ့အထိနေထိုင်ခွင့်ပြုရန်ထိုင်အစိုးရအဖွဲ့ အတည်ပြု။

 

ယမန်နေ့တွင် ကရဘီခရိုင်၌ကျင်းပခဲ့သည့် အစိုးရအဖွဲ့နယ်လှည့်အစည်းအဝေးတွင် ရက် ၉၀ ကျော်လွန်နေထိုင်သည့်နိုင်ငံခြားသားများကို လာမည့်ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တိုးမြှင့်နေထိုင်ခွင့်ပြုလိုက်သည်ဟု ထိုင်းအစိုးရအဖွဲ့ ဒု-ပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါ ဓနာဓိရာဇ် ကဆိုသည်။

 

ထိုင်းပြည်ထဲရေးဝန်ကြီးဌာနအမိန့်အရ ထိုင်းနိုင်ငံတွင်အထူးယာယီနေထိုင်ခွင့်ပြုထားသည့်နိုင်ငံခြားသားများ၏ နေထိုင်ခွင့်နှင့်ရက် ၉၀ ဧည့်စာရင်းတိုင်ကြားခြင်းကို အဆိုပါအစည်းအဝေးတွင် တိုးမြှင့်ပေးလိုက်ပြီး စတင်ကြေညာသည့်နေ့မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အကျုံးဝင်သည်ဟု ဖော်ပြထားသည်။

 

အဆိုပါ နိုင်ငံခြားသားအုပ်စုအသီးသီးကို နေထိုင်ခွင့်တိုးမြှင့်လိုက်သည်ဟု ဆိုသည်။

 

၁။ ဆိုက်ရောက်ဗီဇာအပါအဝင် အခြားဗီဇာအမျိုးမျိုးကိုကိုင်ဆောင်ထားသော ထိုင်းတွင်ယာယီနေထိုင်ခွင့်ရရှိထားသူများ။

 

၂။ ဘီအီး၂၅၁၄ ပီတရိုလီယံ အက်ဉပဒေနှင့်ပြင်ဆင်၊ ဘီအီး၂၅၂၀ ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးအက်ဉပဒေနှင့်ပြင်ဆင်၊ ဘီအီး၂၅၂၂ ထိုင်းနိုင်ငံစက်မှုဇုန်ရေးရာဉပဒေနှင့်ပြင်ဆင်၊ သက်ဆိုင်ရာပြည်ထဲရေးဝန်ကြီးဌာန၏အမိန့်များ စသည့်ဉပဒေများအရ ထိုင်းနိုင်ငံတွင်ယာယီနေထိုင်ခွင့်ရရှိထားသူများ။

 

၃။ ထိုင်းနိုင်ငံတွင်ရက် ၉၀ ထက်နေထိုင်ခွင့်ရရှိထားပြီး ရက် ၉၀ ဧည့်စာရင်းတိုင်ကြားရန်ရက်ဆေ့သူများအား ဧည့်စာရင်းတိုင်ကြားရမည့်ရက်ကို ဤကြေညာချက်စတင်ကြေညာသည့်နေ့မှ လာမည့်ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ဖြေလျှော့ခွင့်ပြုလိုက်သည်ဟု ဖော်ပြထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS