20 April 2024

အတောမသတ်နိုင်သေးသည့် ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ယခုနှစ်တတိယသုံးလပတ်တွင် အမ်ကေ ဆူကီးလုပ်ငန်းစု၏ဝင်ငွေ ၄၈% ကျဆင်းခဲ့ပြီး ဘတ် ၂၅၇ သန်းအရှုံးပေါ်။

ယခုနှစ် တတိယသုံးလပတ်တွင် အမ်ကေ ဆူကီး၊ ယာယိုအီဂျပန်အစားအစာစားသောက်ဆိုင်၊ မီယာ ဆာကီစားသောက်ဆိုင်၊ လမ်းကျရုန်ဆီးဖွတ်ပင်လယ်ဆာစားသောက်ဆိုင် စသည့်လုပ်ငန်းများကို ပိုင်ဆိုင်ထားသည့် အမ်ကေ ရက်စတောရန့် ဂရု(ပ်) အများပိုင်ကုမ္ပဏီ၏ စုစုပေါင်းဝင်ငွေသည် ဘတ် ၁,၉၇၃ သန်းရှိခဲ့ပြီး ဘတ် ၁,၈၂၅ သန်းကျင်းဆင်းခဲ့ကာ ဝင်ငွေ ၄၈.၁% ကျဆင်းခဲ့ခြင်းဖြစ်ပြီး ဘတ် ၂၅၇ သန်း သာအရှုံးပေါ်ခဲ့၍ ယခင်နှစ်ကာလတူထက် ၇၂၂ သန်းကျဆင်းခဲ့သည်ဟု နိုဝင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

အတောမသတ်နိုင်သေးသည့်ကိုဗစ်-၁၉ အကျပ်အတည်းနှင့်လော့ခ်ဒေါင်းစီမံချက်ကြောင့် စားသောက်ဆိုင်လုပ်ငန်းများကိုပိတ်ထားရပြီး ပါဆယ်ထုပ်နှင့်ဒလစ်ဗရီဝန်ဆောင်မှုဖြင့်ရောင်းချရခြင်းကြောင့်ရောင်းအားပေါ်သိသိသာသာသက်ရောက်မှုရှိခဲ့သည်ဟု ဖော်ပြထားသည်။

 

တချိန်တည်းတွင် ယခုနှစ် ၉ လပတ်စုစုပေါင်းဝင်ငွေမှာ ဘတ် ၇,၅၉၉ သန်းရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂၂.၁ သန်းကျဆင်းခဲ့ကာ ဘတ် ၂၆၈ သန်းအရှုံးပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဘတ် ၈၂၆ သန်းကျင်ဆင်းခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

 

 

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS