22 April 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူကက်တွင် ထိုင်းတက္ကသိုလ်ကျောင်းသားတစ်ဦး ဆိုင်နိုဗက်ကာကွယ်ဆေး ၂ ချောင်းမြောက်ထိုးနှံပြီးနောက် ကာကွယ်ဆေးဓာတ်မတည့်၍ ခေါင်းလုံးပြောင်ဆံသားကျွတ်။

 

ထိုင်းနိုင်ငံတောင်ပိုင်း ဖူကက်နယ်မြေအတွင်းရှိ အသက်မွေးဝမ်းကျောင်းတစ်ခုတွင် ပညာသင်ယူနေသော ဒုတိယနှစ်ကျောင်းသားတစ်ဉီးဖြစ်သူ ဘော်ဒင် အသက် ၁၉ နှစ်သည် ၂ ချောင်းမြောက်ကာကွယ်ဆေးထိုးနှံပြီးနောက် ခေါင်းလုံးပြောင်အောင်ဆံသားကျွတ်သည့်ဖြစ်ရပ်ကို သူ၏လူမှုကွန်ရက်အကောင့်တွင်ဖော်ပြခဲ့ပြီးနောက် အွန်လိုင်းပေါ်တွင်လူစိတ်ဝင်စားမှုးမြင့်မားခဲ့သည်ဟု Kao Sod သတင်းဌာနမှဖော်ပြထားသည်။

 

ဖူကက်ခရိုင်တွင် ပညာသင်ကြားနေသော ဘော်ဒင်ဆိုသူသည် နေရပ်ဖြစ်သည့်ဖန်ငါခရိုင်တွင် ကာကွယ်ဆေး ၂ ချောင်းထိုးနှံခဲ့ပြီး ပထမ ၁ ချောင်းထိုးနှံပြီးနောက်တွင် မည်သည့်ဘေးထွက်ဆိုးကျိုးမှမရှိဘဲ ဆံသားများနက်ပြောင်နေပြီး ၂ ချောင်းမြောက်ထိုးနှံပြီးသည့်နောက်တွင် အကွက်လိုက်ဆံသားကျွတ်လာကာ နံနက်အိပ်ရာထလျှင်ခေါင်းအုံးပေါ်ဆံသားများတွယ်ကပ်လာပြီး ဆံသားကိုလက်ဖြင့်သပ်လိုက်သည့်အခါဆံသားကျွတ်ပါလာ၍ အလွန်ထိန်လန့်သွားခဲ့သည်ဟု ရေးသားထားသည်။

 

ကာကွယ်ဆေးဓာတ်မတည့်သည့်ဘေးထွက်ဆိုးကျိုးကိုခံစားရသည့်အပြင် ကာကွယ်ဆေးနှင့်သွေးဖြူဉဓာတ်ပြုခြင်းကြောင့် ခုခံအားချို့တဲ့သည့်လက္ခဏာကိုပါ ခံစားနေရသည်ဟု ဆရာဝန်မှပြောကြားသည် ဟု ဆိုသည်။

“ဖူကက်ကဆေးခန်းတစ်ခုမှာကျနော်သွားပြတယ် ကာကွယ်ဆေးဓာတ်မတည့်တာလို့ဆရာဝန်ပြောတယ် ဒါ့အပြင် ကာကွယ်ဆေးနဲ့သွေးဖြူဉဓာတ်ပြုလို့ ခုခံအားချို့တဲ့တဲ့လက္ခဏာကိုပါခံစားနေရတယ်လို့ပြောပါတယ် အစားအသောက်တချို့ကိုရှောင်ဖို့နဲ့ ည ၁၁ နာရီမတိုင်မီအိပ်ရာဝင်ဖို့ညွှန်ကြားတယ်” ဟု ဆက်လက်ရေးသားထားသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS