26 April 2024

၂၀၂၁ နိုဝင်ဘာလ ၂၃ ရက် (ယနေ့) မနက် ၃ နာရီခန့်က ချင်းမိုင်ခရိုင် ဖန်မြို့နယ် မဲ့ငေါ်ရွာအနီး ထိုင်းကို ခိုးဝင်ရန် ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၄၅ ဦးကို လမ်းပြ ထိုင်းလူမျိုးတစ်ဦးနှင့်အတူဖမ်းဆီးရမိခဲ့တယ်လို့ Chiang mai News သတင်းမှာဖေါ်ပြထားပါတယ်။

 

 

 

ဖမ်းဆီးရမိခဲ့တဲ့ ၄၅ ဦးမှာ ကျား ၂၃ ဦး မ ၂၂ ဦးပါဝင်နေပါတယ်၊ ဖမ်းဆီးရမိခဲ့တဲ့သူတွေကို ကနဦးမေးမြန်းချက်အရ ၎င်းတို့ဟာ ဘန်ကောက်ထဲမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တစ်ဦးလျင် ဘတ် ၂ သောင်းမှ ၂ သောင်းခွဲထိ ပေးပြီးလာခဲ့တာဖြစ်တယ်လို့ ထွက်ဆိုပါတယ်။

 

 

 

 

သူတိုဟာ ချင်းမိုင်ခရိုင်ကိုဖြတ်အသွားမှာ လမ်းပြနှင့်အတူဖမ်းဆီးခံခဲ့ရတာပါ။ အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တဲ့ သူအားလုံးကို ကိုဗစ်စည်းကမ်းနှင့် အညီ စစ်ဆေးမှုတွေပြုလုပ်ပြီး တရားဥပဒေအရ စစ်ဆေးမှုတွေပြုလုပ်ပြီး လျင် နေရပ်ပြန်ပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS