26 April 2024

ကိုဗစ်-၁၉ ကပ်ဘေးနှင့်ရင်ဆိုင်ရပြီးနောက် ယခုနှစ်တတိယသုံးလပတ်တွင် ထိုင်းနိုင်ငံသား ၈.၇ သိန်းစံချိန်တင်အလုပ်လက်မဲ့ဖြစ်ခဲ့သည်ဟု ထိုင်းအမျိုးသားလူမှုစီးပွားဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှုး ဆို။

 

ကိုဗစ်-၁၉ ကပ်ဘေးနှင့်ရင်ဆိုင်ရပြီးနောက် ယခုနှစ်တတိယသုံးလပတ်တွင် ထိုင်းနိုင်ငံသား ၈.၇ သိန်းစံချိန်တင်အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂.၂၅% ရှိကာ ၎င်းအနက်အဆင့်မြင့်ပညာအောင်မြင်ထားသူ ၃.၆၃% နှင့် အသက်မွေးဝမ်းအောင်လက်မှတ်ရရှိထားသူ (Vocational Certificate) ၃.၁၆% ပါဝင်သည်ဟု ဆိုသည်။

 

အလုပ်လက်မဲ့ဖြစ်သူအများစုမှာ စီးပွားစီမံနှင့်ဈေးကွက်ဘာသာရပ်ကျောင်းဆင်းဖြစ်သည်ဟု ဆိုသည်။တိုင်ပြည်စီးပွားရေးတိုးတက်မှုနှေးကွေးခြင်းနှင့်အဆိုပါအုပ်စု၏အရည်အချင်းကွဲပြားမှုမရှိခြင်းတို့ကြောင့်ရေရှည်အလုပ်လက်မဲ့ဖြစ်ရန်အလားအလာရှိသည်ဟု ဆိုသည်။ ထို့ပြင် အသက် ၁၅ နှစ် မှ ၁၉ နှစ်အတွင်းရှိအလုပ်သမားများမှာ အများဆုံးအလုပ်လက်မဲ့ဖြစ်နေပြီး ၉.၇၄% အထိရှိနေကာ အသက် ၂၀ နှစ်မှ၂၄ နှစ်ရှိသူများမှာ ၈.၃၅% ဖြင့် ဒုတိယအများဆုံးဖြစ်သည်ဟု ဆိုသည်။

 

တချိန်တည်းတွင် အိမ်ထောင်စုကြွေးမြီမြင့်တက်လာနိုင်ခြေရှိပြီး ကရက်ဒစ်ကတ်ကြွေးမြီတွင်ကြွေးဆုံးပမာဏမြင့်တက်လာနိုင်ခြေကိုစောင့်ကြည့်ရမည်ဟု ဆိုသည်။ တိုင်းပြည်စီးပွားရေးပုံမှန်တိုးတက်နိုင်မှုမှရှိ၍ အိမ်ထောင်စုဝင်ငွေနာလနထူရန်ခက်ခဲနေပြီး ကြွေးမြီပေးချေနိုင်အားကိုကျဆင်းစေသည်ဟုဆိုသည်။ ခရက်ဒစ်ကတ်ကြွေးမြီတွင် ကြွေးဆုံးပြဿနာနှင့်ရင်ဆိုင်နေရသူများ၏ ၃ ပုံ ၁ ပုံမှာ အသက် ၃၅ နှစ်အောက်များဖြစ်သည်ဟု ဆိုသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS