29 March 2024

နိုဝင်ဘာ ၂၄ ရက်၊ ၂၀၂၁

 

အသက် ၂၆ နှစ်အမျိုးသားတစ်ဦး ကိုဗစ်၁၉ ကာကွယ်ဆေး ပထမတစ်ကြိမ် Sinovac ထိုးပြီး၊ ဒုတိယကြိမ် Moderna ဆေးထိုးပြီး ၂ ရက်နေ့မြောက်မှာတော့ ဖုန်းအိပ်ဆော့နေရင်း သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။

 

အခန်းတွင်းမှာအမျိုးသာတစ်ဦးသေဆုံးနေတယ်လို့ သတင်းပေးပို့တဲ့နေရာကို မူ ၅ ဘန်းမွန်းကျေးရွာအုပ်စု စမုပရာကန်မြို့နယ် စမုပရာကန်ခရိုင် ရဲစခန်းကသွားရောက်စစ်ဆေးခဲ့ပါတယ်။

 

အခင်းဖြစ်တဲ့နေရာမှာတော့ မောင်နွီး (အမည်လွဲ) အသက် ၂၆ နှစ်သည်။၄င်းရဲ့အိမ်ရှေ့တွင်သေဆုံးနေတာတွေ့ရပါတယ်။ အလောင်းကို ရဲတွေစစ်ဆေးမှုလုပ်တော့ ဘာဒဏ်ရာဒဏ်ချက်မှမရှိဘဲ သေဆုံးနေတယ်လို့သိရပါတယ်။ အသက် ၅၀ နှစ် ထိုင်းအမျိုးသားတစ်ဦးပြောပြချက်အရ သေဆုံးသူမှာ စက်တင်ဘာလလောက်က ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac ကိုထိုးခဲ့ဖူးပါတယ်။ ဒုတိယတစ်လုံးကတော့ Moderna ဆေးကို နိုဝင်ဘာ ၂၂ ရက်နေ့ ထိုးခဲ့တယ်လို့ သိရပါတယ်။

 

ဒုတိယအကြိမ်ဆေးသွားထိုးပြီး အိမ်ပြန်လာတော့ပုံမှန်တော့ရှိပါတယ်လိို့ပြောပါတယ်။ အဲဒါနဲ့ ညပိုင်းလဲရောက်တော့ ဖုန်းအိပ်ဆော့နေရင်း ရင်ကြပ်လာတယ်၊ အသက်ရှုကြပ်လာတယ်၊ နောက်ဆုံး သတိလစ်သွားခဲပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ CPR လုပ်ပြီးကယ်ဖို့ကြိုးစားခဲ့ပေမယ့် မရတော့ပါဘူး။ နောက်ဆုံးတော့ သေဆုံးသွားခဲ့ပါတယ်။

.

Andrew KC (ဇွဲကပင်မြေ)

Ref: ထိုင်ရတ် တီဗွီ

SHARE THIS NEWS

OTHER NEWS