27 April 2024

လာမည့် နိုဝင်ဘာ ၃၀ ရက်နေ့နောက်ပိုင်းတွင် တရားမဝင်လုပ်သားများကို အရှိန်မြှင့်တင်ဖမ်းဆီးမည်ဖြစ်ပြီး အလုပ်ရှင်နှင့်အလုပ်သမားနှစ်ဦးစလုံးကို ထိထိရောက်ရောက် ပြစ်ဒဏ်ပေးသွားမည်ဟုထိုင်းအလုပ်သမားဝန်ကြီး သတိပေး။

 

နိုင်ဝင်ဘာ ၃၀ ရက်နေ့(၂၀၂၁ ခုနှစ်) နောက်ပိုင်းတွင် အလုပ်အကိုင်ရှာဖွေရေးတာဝန်ခံ၊ လူဝင်မှုကြီးကြပ်ရေးတာဝန်ခံ၊ လုံခြုံရေးတာဝန်ခံ၊ အထွေထွေအုပ်ချုပ်ရေးတာဝန်ခံ၊ စစ်တပ်၊ ရဲ စသည့်ဌာနစုံအဖွဲ့မှ တရားမဝင်လုပ်သားများကို ဖိဖိစီးစီးလိုက်လံစစ်ဆေးမည်ဖြစ်ပြီး တွေ့ရှိခဲ့လျှင် အလုပ်သမားတစ်ဉီးအတွက် အလုပ်ရှင်အား ငွေဒဏ်ဘတ် ၁ သောင်းမှ ဘတ် ၁ သိန်းအထိဒဏ်ခတ်မည်ဖြစ်ပြီး ထပ်မံကျူးလွန်လျှင်ထောင်ဒဏ်ချနိုင်ပြီး ရွှေ့ပြောင်းလုပ်သားအလုပ်ငှားရမ်းမှုကို ၃ နှစ်ကြာ ပိတ်ပင်ခံရမည်ဟု ဆိုသည်။

 

တရားမဝင်အလုပ်လုပ်ကိုင်သည့်ရွှေ့ပြောင်းလုပ်သားအား ငွေဒဏ် ဘတ် ၅ ထောင် မှ ဘတ် ၅ သောင်း ချမှတ်နိုင်ပြီး နေရပ်ပြန်ပို့ခံရမည်ဟုဆိုသည်။ ထို့ပြင် ပြည်ဝင်ခွင့်ဗီဇာ ၂ နှစ်ပိတ်ပင်ခံရမည်ဟု ဝန်ကြီးက ဆိုသည်။

ထိုင်းနိုင်ငံတွင်နေထိုင်လုပ်ကိုင်လျှက်ရှိသည့် ရွှေ့ပြောင်းလုပ်သားလူထုတွင်ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကိုထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား နိုဝင်ဘာ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ မှတ်ပုံတင်ပေးရန် ထိုင်းအစိုးရအဖွဲ့က ပြီးခဲ့သည့်စက်တင်ဘာ ၂၈ ရက်နေ့တွင်ဆုံးဖြတ်ခဲ့သည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS