22 March 2024

နစ်နာသူ ၁ ထောင်ကျော်ကို ဘတ်သန်း ၁ ထောင်ကျော်လိမ်လည်သည့် MBC Club ပွန်ဇီ စီးပွားရေး ဂိုဏ်းကို ထိုင်းဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးရဲတပ်ဖွဲ့မှဖမ်းဆီးလိုက်သည်ဟု ထိုင်းရဲဌာနချုပ် ထုတ်ပြန်။

 

အဆိုပါ ပွန်ဇီစီးပွားရေးဂိုဏ်းကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ထိုင်းဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဒမ်ရွန်စတ် ကစ်တီပရဖတ် က ပြီးခဲ့သည့် နိုင်ဝင်ဘာ ၂၄ ရက်နေ့တွင် ထိုင်းရဲဌာနချုပ်၌ သတင်းထုတ်ပြန်ခဲ့သည်။

 

၎င်း MBC Club ဂိုဏ်းသည် နစ်နာသူများကို Forex ထဲတွင်ရင်းနှီးမြှုပ်နှံရန်စည်းရုံးပြီး ရင်းနှီးမြှုပ်နှံ ငွေ၏ ၄၀% ကို လစဉ်ပြန်လည်ရရှိမည်ဟု အယုံသွင်းသည်။ ထို့ပြင် ၁ နှစ်အတွင်းရင်းနှီးမြှုပ်နှံငွေသည်

ဘတ်သန်း ၄၀ ပြည့်ခဲ့လျှင် Porsche 718 Boxster ဇိမ်ခံကားတစ်စင်းလက်ဆောင်ပေးမည်ဟု မက်လုံးပေးသိမ်းသွင်းသည်ဟု ဆိုသည်။

 

တချိန်တည်းတွင် အောက်ပါပက်ကေ့ချ် ၅ ခုဖြင့် ရင်းနှီးမြှုပ်ရမည်ဟုသတ်မှတ်ထားကြောင်း ဒုရဲချုပ်ကဆိုသည်။

ပက်ကေ့ချ် ၁ MEMBER ရင်နှီးမြှုပ်နှံငွေ ၅,၀၇၅၈ ဘတ် CLUB မှရင်းနှီးမြှုပ်နှံငွေ ၁၁၀% ဖြည့်ပေး နေ့စဉ်ပျမ်းမျှအမြတ်ငွေ ၂၇.၅၀%

ပက်ကေ့ချ် 2 SILVER ရင်နှီးမြှုပ်နှံငွေ ၂၅,၃၇၅၀ ဘတ် CLUB မှရင်းနှီးမြှုပ်နှံငွေ ၁၁၅% ဖြည့်ပေး နေ့စဉ်ပျမ်းမျှအမြတ်ငွေ ၂၈.၅၀%

ပက်ကေ့ချ် ၃ TITANIUM ရင်နှီးမြှုပ်နှံငွေ ၅၀,၇၅၀၀ ဘတ် CLUB မှရင်းနှီးမြှုပ်နှံငွေ ၁၂၀% ဖြည့်ပေး နေ့စဉ်ပျမ်းမျှအမြတ်ငွေ ၃၀%

ပက်ကေ့ချ် ၄ GOLD ရင်နှီးမြှုပ်နှံငွေ ၂၅၃,၇၅၀၀ ဘတ် CLUB မှရင်းနှီးမြှုပ်နှံငွေ ၁၂၅% ဖြည့်ပေး နေ့စဉ်ပျမ်းမျှအမြတ်ငွေ ၃၁.၂၅%

ပက်ကေ့ချ် ၅ PLATINUM ရင်နှီးမြှုပ်နှံငွေ ၅၀၇,၅၀၀၀ ဘတ် CLUB မှရင်းနှီးမြှုပ်နှံငွေ ၁၃၀% ဖြည့်ပေး နေ့စဉ်ပျမ်းမျှအမြတ်ငွေ ၃၂.၅၀%

 

ထို့ပြင် Save Coin SME စီးပွားရေးတွင်ရင်းနှီးမြှုပ်နှံရန် Club ဘက်ကစည်းရုံးခဲ့သည်ဟု စုံစမ်းသိရှိရပြီးClub ၏ CMBC Coin များကိုငွေလွှဲပြီးဝယ်ယူရသည်ဖြစ်ကာ လစဉ် ၂၀% အမြတ်ငွေပြန်လည်ထုတ်ပေး သည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS