23 March 2024

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)မှ “အိုမီခရွန်” ဟုအမည်ပေးထားသော ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲသစ်သည် အာဖရိကတိုက်ပြင်ပရှိ ကမ္ဘာ့နိုင်ငံပေါင်း ၁၃ ခုသို့ကူးစက်ပျံ့နှံ့နေပြီဟု သိရသည်။

 

စိုးရိမ်ရသောမျိုးကွဲ (Variant of Concern) ဟုသတ်မှတ်ခံထားရသော အိုမီခရွန်မျိုးကွဲသည် ဗိုင်းရပ်စ်နေရာတော်တော်များများတွင် ဗီဇီပြောင်းလဲမှုကိုတွေ့ရပြီး လက်ရှိကာကွယ်ဆေးများကိုခုခံနိုင်ကောင်းခုခံနိုင်မည်ဟု ဆိုသည်။

 

လတ်တလောတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၃ ခု၌ အဆိုပါဗိုင်းရပ်စ်မျိုးကွဲကိုတွေ့ရှိထားသည်ဟု အတည်ပြု ထားသော အများစုသည် ယင်းမျိုးကွဲကိုစတင်တွေ့ရှိရသည့် အာဖရိကတိုက်မှပြန်လာသူများဖြစ်သည်ဟု သိရသည်။

 

မည်သို့ဆိုစေ အဆိုပါမျိုးကွဲသည် လူမှတဆင့်ကူးစက်နိုင်ခြေကိုပိုမိုအားကောင်းလာစေခြင်းရှိမရှိ၊ ကူး စက်နှုန်းပိုမိုမြန်ဆန်လာခြင်းရှိမရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှအတည်မပြုနိုင်သေးကြောင်း၊ ရောဂါ လက္ခဏာပိုမိုပြင်ထန်လာခြင်းရှိမရှကိုလည်း ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရှိရသည်။

 

အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်နှင့်ပတ်သက်သည့်အချက်အလက်များသည် အကန့်အသတ်ရှိနေသော်လည်း အစ္စရေး၊ ဂျပန် စသည့်နိုင်ငံများတွင် နိုင်ငံခြားသားဝင်ရောက်ခွင့်ကိုပိတ်ထားလိုက်ပြီဟုသိရသည်။

 

တချိန်တည်းတွင် ထိုင်းနိုင်ငံ၌ကူးစက်မှုမရှိသေးကြောင်း ထိုင်းပြည်သူ့ကျန်းမာရေး ဒု-ဝန်ကြီးကအတည်ပြုထားပြီး ထိုင်းနိုင်ငံအနေဖြင့် အိုမီခရွန်မျိုးကွဲကူးစက်မှုရှိသည့်နိုင်ငံများမှထွက်ခွာလာသူများကို ဝင်ခွင့်ပိတ်ထားပြီဖြစ်၍ စိုးရိမ်စိတ်မလွန်ကဲကြရန် ထိုင်းဝန်ကြီးချုပ်ကမှာကြားသည်ဟု ဆိုသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

 

SHARE THIS NEWS

OTHER NEWS