26 April 2024

အိုမီခရွန်လူနာ ၆၃ ဦးတွေ့ရှိပြီးနောက် Test and Go စနစ်ဖြင့်ပြည်ဝင်ခွင့်ကိုပြန်လည်ရုပ်သိမ်းရန် ထိုင်းအစိုးရပြင်ဆင်နေသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီး ဆို။

 

ထိုင်းနိုင်ငံတွင် အိုမီခရွန်ပိုးရှိလူနာ ၆၃ ဦးတွေ့ရှိရပြီး နောက်ထပ်အတည်ပြုရန် ၂၀ ဦးကျန်ရှိနေသည်ဟု ထိုင်း ဒုဝန်ကြီးနှင့်ကျန်းမာရေးဝန်ကြီး အနုထင် ချန်ဝီရကွန်ကအတည်ပြုပြောကြားထားပြီး ကွာရန်တင်း ဝင်ရန်မလိုဘဲ Test and Go စနစ်ဖြင့်ပြည်ဝင်ခွင့်ပေးထားခြင်းကို ပြန်လည်ရုပ်သိမ်းရန်တွက် ကိုဗစ်-၁၉ ဗဟိုဌာနထံ အဆိုပြုသွားမည်ဟု ဆိုသည်။

 

ထိုင်းနိုင်ငံတွင် အိုမီခရွန်မျိုးကွဲ ကိုဗစ်-၁၉ လူနာဦးရေတဖြည်းဖြည်းမြင့်တာလာပြီးနောက် ကွာရန်တင်းဝင်ရန်မလိုဘဲ Test and Go စနစ်ဖြင့်ပြည်ဝင်ခွင့်ပေးထားခြင်းကို ပြန်လည်ရုပ်သိမ်းရန် ယနေ့မနက်တွင်ကျင်းပခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန EOC အစည်းအဝေးတွင်ဆုံးဖြတ်ခဲ့ပြီး ထိုင်းနိုင်ငံကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအခြေအနေစီမံအုပ်ချုပ်ရေးဗဟိုဌာန (CCSA) ထံ အဆိုပြုတင်ပြပြီးသဘောထားမှတ်ချက် ရယူသွားမည်ဟု ဝန်ကြီးကဆိုသည်။

 

ထိုင်းနိုင်ငံတွင် အိုမီခရွန်မျိုးကွဲလူနာဦးရေနှင့်ပတ်သက်သောအသေးစိတ်အချက်အလက်များ၊ အိုမီခရွန်စောင့်ကြည့်ခြင်းဆိုင်ရာမူဝါဒနှင့်ပတ်သက်ပြီး ယနေ့တွင် ထိုင်းကုသရေးသိပ္ပံဦးစီးဌာနမှသတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS