26 April 2024

လုပ်သားလိုအပ်မှုပေါ်တည်ပြီး ၂၀၂၂ တစ်နှစ်ပတ်လုံး အမ်အိုယူလုပ်သားခေါ်ယူနိုင်သည်ဟု ထိုင်းအလုပ်အကိုင်ရှာဖွေရေးညွှန်ကြားရေးမှူးချုပ် ဆို။

 

ထိုင်နိုင်ငံတွင် လုပ်သားရှားပါးမှုပြဿနာကိုအချိန်မီဖြေရှင်းနိုင်ရေးအတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်မှစ၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံလုပ်သားများကို အမ်အိုယူစနစ်ဖြင့်ခေါ်ယူနိုင်ရန် အလုပ် ခေါ်စာ (Demand) စတင်လက်ခံခဲ့ပြီး ပြည်တွင်းလုပ်သားလိုအပ်မှုအပေါ်မူတည်ပြီး ၂၀၂၂ တစ်နှစ်ပတ် လုံး ခေါ်ယူခွင့်ပေးထားသည်ဟု ထိုင်းအလုပ်အကိုင်ရှာဖွေရေး ညွှန်ကြားရေးမှူးချုပ် ဖိုင်ရို့ ကဆိုသည်။

 

တချိန်တည်းတွင် ကွာရန်တင်းနေရာ၊ ကွန်ရန်တင်းကာလ နှင့် ကျန်းမာရေးအာခမံရွေးချယ်မှုအပေါ်မူတည်ပြီး လုပ်သား ၁ ဦးခေါ်ယူစရိတ်သည် ဘတ် ၁၁,၄၉၀ မှ ၂၄,၂၅၀ ရှိသည်ဟု ညွှန်ချုပ်ကဆိုသည်။

 

သုံးနိုင်ငံလုပ်သားခေါ်ယူလိုသည့်အလုပ်ရှင်များအနေဖြင့် ကွန်ရန်တင်းစရိတ်တာဝန်ယူနိုင်လျင် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန၊ ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံး၊ မြို့တော်ဗန်ကောက်အတွင်းရှိ အလုပ်အကိုင်ရှာဖွေရေးရုံး ၁၀ ခုတွင် အလုပ်ခေါ်စာတင်နိုင်ကြောင်း ပြောကြားသည်။

 

ဒီဇင်ဘာ ၂၀ ရက် (၂၀၂၁) အချက်အလက်အရ သုံးနိုင်ငံလုပ်သား ၃၂,၂၉၅ ဦးခေါ်ယူရန်အတွက် အလုပ်ခေါ်စာ ၂၅၅ ခုတင်ထားသည်ဟု ၎င်းကဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS