18 April 2024

အိုမီခရွန်မျိုးကွဲ ကိုဗစ်-၁၉ ကူးစက်မှုကိုကာကွယ်နိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမတိုင်မီ ၂ ချောင်းမြောက်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားသူများကို ၃ ချောင်းမြောက်အားဖြည့်ကာကွယ်ဆေးထိုးနှံထားကြရန် ထိုင်းအစိုးရတိုက်တွန်း။

 

ထိုင်းနိုင်ငံတွင် အိုမီခရွန်မျိုးကွဲ ကိုဗစ်-၁၉ ကူးစက်မှုကိုအချိန်မီကာကွယ်နိုင်ရန် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ (၂၀၂၁) မတိုင်မီ ၂ ချောင်းမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားသူများကို နီးစပ်ရာကာကွယ်ဆေးစုရပ်တွင် ၃ ချောင်းမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားကြရန် ထိုင်းရောဂါထိန်းချုပ်ရေးညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အိုဖတ် ကန်ကဝင်ဖွန် ကတိုက်တွန်းထားသည်။

 

လွန်ခဲ့သည့် ၃ လတွင် ၃ ချောင်းမြောက်ကာကွယ်ဆေးထိုးနှံထားသော ရှေ့တန်းကျန်းမာရေးဝန်ထမ်း များနှင့်ရောဂါကူးစက်နိုင်ခြေမြင့်မားသောပြည်သူများကိုလည်း ၄ ချောင်းမြောက်ကာကွယ်ဆေးထိုးနှံ ထားရန် ညွှန်ကြားထားသည်။

 

ဇန်နဝါရီလ (၂၀၂၂) မှစ၍ ထိုင်းနိုင်ငံတွင်ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုသည် ၃ နှစ်မြောက်ကိုရောက်ရှိလာပြီးပြည်သူများ၏နေ့စဉ်ဘဝကို ပုံမှန်နီးပါးနေထိုင်နိုင်ရန်အတွက် စီမံချက် ၃ ရပ်ဖြင့် ဒေသန္တရရောဂါအသွင် ဖြစ်လာအောင် အကောင်အထည်ဖော်ဆောင်မည်ဟု ညွှန်ချုပ်ကဆိုသည်။

 

ကူးစက်ခံရသူများအသက်အန္တရာယ်မဖြစ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါပိုးကိုအားနည်းလာအောင် ပြုလုပ် မည်။

 

အသင့်ပြင်ဆင်ထားပြီးသားကာကွယ်ဆေးများကိုအသုံးပြုပြီး ပြည်သူအားလုံးကို ၃ ချောင်းမြောက်နှင့် ၄ ချောင်းမြောက်အားဖြည့်ကာကွယ်ဆေးထိုးနှံပေးမည်။

 

 

လူမှုပတ်ဝန်းကျင်ပိုမိုကောင်းမွန်လာအောင်ပြုပြင်ခြင်းဖြင့်ရောဂါကူးစက်နိုင်ခြေကိုလျှော့ချမည်၊ ကုသမှုအပိုင်းကိုပိုမိုအားကောင်းလာအောင်မြှင့်တင်မည်၊ ဆေးဝါးလုံလောက်မှုရှိအောင်နှင့်ကျန်းမာရေးစနစ်လက်သင့်ခံနိုင်အောင်ဆောင်ရွက်မည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS