25 April 2024

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ငွေကြေးဖောင်းပွမှု (သို့မဟုတ်) စားသုံးသူညွှန်းကိန်းသည် ၂.၁၇ ရာခိုင်နှုန်း ရှိခဲ့သည်ဟု ထိုင်းကုန်သွယ်ရေးမူဝါဒနှင့်မဟာဗျူဟာညွှန်ကြားရေးမှူးရုံး ဆို။

ပြည်တွင်းလက်လီစက်သုံးဈေးမြင့်တက်မှု၊ ဟင်းသီးဟင်းရွက်၊ ဝက်သား၊ ကြက်သား စသည့်ကုန်စိမ်းများဈေးမြင့်တက်မှုကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၀၂၁) တွင် ထိုင်းနိုင်ငံ၏ငွေကြေးဖောင်းပွနှုန်းသည် ၂.၁၇% ရှိခဲ့သည်ဟု ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်ရေးမူဝါဒနှင့်မဟာဗျူဟာညွှန်ကြားရေးမှူး ရွန်နရွန် ဖွန်ဖိဖတ် ကဆိုသည်။

ပြည်တွင်းတန်ဖိုးမြှင့်ခွန်ကောက်ခံရရှိမှုတိုးတက်လာခြင်း၊ ပို့ကုန်သွင်းကုန်မှတန်ဖိုးမြှင့်ခွန်ကောက်ခံရရှိမှုတိုးတက်လာခြင်း၊ စက်မှုထွက်ကုန်တိုးတက်လာခြင်း စသည့်အကြောင်းရင်းများကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ငွေကြေးဖောင်းပွနှုန်းသည် ၁.၂၃% ရှိခဲ့ပြီး ကုန်သွယ်ရေးဝန်ကြီးဌာနမှခန့်မှန်းထားသည့် ၀.၈% မှ ၁.၂% နှင့်နီးစပ်မှုရှိသည်ဟု ဆိုသည်။

၂၀၂၂ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုကောင်းမွန်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုသည် ၁.၅% ရှိမည်ဟုခန့်မှန်းထားပြီး ၀.၇% မှ ၂.၄% ကြားတွင်ရှိမည်ဟု ဆိုသည်။ ပြည်တွင်းအိုမီခရွန်ကူးစက်မှုအခြေအနေ၊လုပ်သားခေါ်ယူရန်ခက်ခဲသည့်ပြဿနာ၊ ထုန်ကုန်စွမ်းအားကျဆင်းမှု၊ လူနေမှုစရိတ်မြင့်မားမှု စသည့်ကိန်းရှင်များက ငွေကြေးဖောင်းပွမှုကိုတွန်းအားပေးနိုင်သော်လည်း ၃% ထက်ကျော်မည်မဟုတ်ကြောင်းအတည့်အလင်းပြောကြားသည်။

သတင်း ရွှေကရင် (မြောင်းမြမြေ)

SHARE THIS NEWS

OTHER NEWS