27 April 2024

ထိုင်းနိုင်ငံ ခရိုင် ၆၉ ခုကို ထိန်းချုပ်ဇုန် (လိမ္မော်ရောင်) အဖြစ်တိုးမြှင့်သတ်မှတ်လိုက်ပြီး ခရီးသွားရှေ့ပြေးခရိုင် ၈ ခုတွင် ည ၉ နာရီအထိသာ အရက်ဘီယာသောက်စားခွင့်ပြုထားသည်ဟု ထိုင်းအစိုးရအဖွဲ့ ထုတ် ပြန်။

 

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး (ငြိမ်း) ပရာယွတ် ကျန်အိုချာ မှ ယနေ့မနက်တွင် ဦီးဆောင်ကျင်းပသည့်၁/၂၅၆၅ ကြိမ်မြောက် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအခြေအနေစီမံအုပ်ချုပ်ရေးကော်မတီအစည်းအဝေးတွင်အိုမီခရွန်ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးစီမံချက်နှင့်ပတ်သက်ပြီး အဓိကဆွေးနွေးခဲ့ရာ ခရိုင် ၆၉ ခုကိုလိမ္မော်ရောင်အဆင့်တိုးမြှင့်သတ်မှတ်လိုက်ပြီး ခရီးသွားရှေ့ပြေးခရိုင် ၈ ခုတွင် ည ၉ နာရီအထိသာ အရက် ဘီယာသောက်စားခွင့်ပြုရန် အစည်းအဝေးတွင်ဆုံးဖြတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

 

ခရီးသွားရှေ့ပြေးခရိုင် ၈ ခုတွင် မြို့တော်ဗန်ကောက်၊ ကန်ကျနဘူရီ၊ ကရာဘီ၊ ချွန်ဘူရီ၊ နွန်ထဘူရီ၊ပထုမ် ဌာနီ၊ ဖန်ငါ၊ ဖူကက် စသည့်ခရိုင်များပါဝင်သည်ဟု ဖော်ပြထားသည်။

 

စာသင်ကျောင်းများကိုဆက်လက်ဖွင့်လှစ်ထားရန်ဆုံးဖြတ်ခဲ့သော်လည်း နောက်ထပ် ၁၄ ရက်အိမ်မှာနေ၍အလုပ်လုပ်ရန်ဆုံးဖြတ်ခဲ့သည်။ လတ်တလောတွင် လော့ခ်ဒေါင်းချရန်မရှိသေးဟု သိရသည်။

 

သတင်း ရွှေကရင် (မြောင်းမြမြေ)

SHARE THIS NEWS

OTHER NEWS