23 April 2024

,

ဒေါက်တာမနွန်းက ထိုင်းကိုဗစ်ဌာနက ထုတ်ပြန်တဲ့ လူနာဉီးရေးထက် မြေပြင်မှာ ၈ ဆထက်များနေမှာပါ။ ဘာကြောင့်လဲဆိုတော့ ပစ်မှတ်ထားစစ်ဆေးတာနည်းနေသေးလို့ နေ့စဉ် အဲဒီလောက်ပဲတွေ့တာဟု ဆို

ဒေါက်တာမနွန်းက ထိုင်းကိုဗစ်ဌာနက ထုတ်ပြန်တဲ့ လူနာဉီးရေးထက် မြေပြင်မှာ ၈ ဆထက်များနေမှာပါ။ ဘာကြောင့်လဲဆိုတော့ ပစ်မှတ်ထားစစ်ဆေးတာနည်းနေသေးလို့ နေ့စဉ် အဲဒီလောက်ပဲတွေ့တာဟု ဆိုသည်။ သြဂုတ်လ ၁၀ ရက်နေ့ ၂၀၂၁ အသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကု ဒေါက်တာ Manoon Leechawengwong ကသူ့ရဲ့ ဖေ့ဘွတ်အကောင့်ကနေ AIDS နှင့် COVID-19 ကြောင့်သေဆုံးမှုအရေအတွက်ကို နှိုင်းယှဉ်ပါ ဖော်ပြထားတာပါ။

 

လွန်ခဲ့တဲ့နှစ် ၄၀ တုန်းကဆိုရင် သူ့အနေနဲ့ HIV လူနာတွေကို ကုသပေးခဲ့တဲ့ အတွေ့အကြုံနဲ့ပြောရရင် တစ်ကမ္ဘာလုံးမှာ AIDS ကြောင့် လူသန်း ၄၀ ကျော်သေဆုံးခဲ့ပါတယ်။ ကူးစက်ခံရပြီးအသက်ရှင်လျှက်ကျန်နေတဲ့သူက ၃၅ သန်းဉီးပါ။ ထိုင်းနိုင်ငံသားဆိုရင် AIDS နဲ့သေတာ ၆ သိန်းဉီးလောက်ရှိခဲ့ပါတယ်။ လက်ရှိမှာ HIV ကူးစက်ခံရပြီး အသက်ရှင်ကျန်ရှိနေသေးတဲ့သူတွေ ၄ သိန်းလောက်ရှိနေပါသေးတယ်။  ဗိုင်းရပ်စ်ဆေးများဟာ ဗီဇပိုးတွေကို အသွင်းပြောင်းစေပါတယ်။ လွန်ခဲ့တဲ့နှစ် ၄၀ ကတည်းကဆိုရင် ဆေးဆိုတာမရှိခဲ့ပါဘူး၊ လက်ရှိမှာတော့ ဆေးဝါးတွေ ၃၀ ကျော်လောက်ရှိပါတယ်။ ဒါကြောင့် HIV ရောဂါသည်တွေဟာ ကာကွယ်ဆေးတွေ မရှိသေးပေမဲ့ ပုံမှန်လူတွေလို အသက်ရှင်သန်ခွင့်ရကြတာပဲ ဖြစ်ပါတယ်။

ကိုဗစ်စတင်ဖြစ်ပွားကတည်းက တစ်ကမ္ဘာလုံးမှာဆိုရင် သေဆုံးသူ ၄.၃ သန်းလောက်ရှိနေပါတယ်။ စုစုပေါင်းလူနာတွေ ၂၀၃ သန်းလောက်ရှိနေပါပြီ။ သေဆုံးသူအရေအတွက် တွက်ချက်လိုက်ရင် ကူးစက်သူထဲက ၂.၁ လောက်ရှိပါတယ်။ ဒါဟာ ပုံမှန်ထက် အရေအတွက်ပိုနေတာ သတိထားမိလာတယ်။

အမေရိကန်နိုင်ငံ ကျွမ်းကျင်ပညာရှင်များ ခန့်မှန်းတွက်ချက်အရ

အမေရိကန်နိုင်ငံမှာ ကူးစက်သူအရေအတွက်ကို ၄ နဲ့မြောက်ရမယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် ၂၈ နဲ့ မြောက်ရမယ်။ ထိုင်းနိုင်ငံမှာ သေဆုံးသူ ၆၂၀၄ ဦး ကူးစက်သူစုစုပေါင်း ၇၅၆၅၀၅ ဉီး ပျမ်းမျှ ဝ.၈၂ ညီမျှပါတယ်။ ဒါကြောင့် နေ့စဉ်ထုတ်ပြန်နေတဲ့ လူနာအရေအတွက်ထက် မြေပြင်မှာ ၈ ဆလောက်ရှိနိုင်ပါတယ်။

၁၀၀ မှာ ဝ.၁% ပါ။ ဥပမာထိုင်းနိုင်ငံမှာ လူသန်း ၇၀ ရောဂါကူးစက်ခံနေရတယ်ဆိုရင် သေဆုံးသူ ၇ သိန်းဦးထက်မနည်းရှိလာနိုင်ပါတယ်။ AIDS ရောဂါထက် အဆပေါင်းများစွာနည်းနေပါတယ်။ ကိုဗစ်သေဆုံးမှုနှုန်းကို လျှော့ချရာတွင် မည်သည့်ကာကွယ်ဆေးအမျိုးအစားမဆိုနဲ့ သက်ဆိုင်ပါသည်။ ထိုကြောင့် ကာကွယ်ဆေးကို ထိုးထားကြရင် သေဆုံးမှုနှုန်းတွေ ၁၀ ဆလောက် လျှော့ကျလာနိုင်ပါတယ်။

 

လက်ရှိမှာတော့ ကိုဗစ်ကာကွယ်ဆေးဟာ AIDS ကာကွယ်ဆေးထက် လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းက အရည်အသွေးတွေ ညံ့နေသေးတာတွေ့ရပါတယ်။ အကယ်၍ နောက်ထပ်ထွက်လာမယ့် ကိုဗစ်ကာကွယ်ဆေးဟာ သွေးလွန်တုပ်ကွေးကာကွယ်ဆေးထက် အစွမ်းထက်ခဲ့မယ်ဆိုရင် ရောဂါပြင်းထန်တဲ့သူနဲ့ သေဆုံးသူအရေအတွက် ဒီ့ထက်လျော့ကျလာနိုင်ပါတယ်။ ကျနော်အမြင်နဲ့ပြောရရင် လူ ၁၀၀၀ မှာ ကိုဗစ်ကူးစက်သူ ၉၅၀ လောက်ရှိနိင်ပါတယ်။ ဘာမှလုပ်စရာမလိုဘူး လက္ခဏာတော့တူနေမယ် ကူးပြီးတော့ ပြန်ပျောက်သွားတာရှိပါတယ်။ ၁၀၀ မှာ ဝ.၁ လောက်သာ သေဆုံးသူဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

SHARE THIS NEWS

OTHER NEWS