21 April 2024

ထိုင်းကွင်းလယ်ဖန်တီးရှင် ချနာထစ်ကို ပြောင်းရွှေ့ကြေး ၁၃၀ သန်းဖြင့်ခေါ်ယူဖို့ ဂျေလိဂ်ချန်ပီယံ ကာဝါဆာကီအသင်းက ကြိုးပမ်းနေတယ်လို့သတင်းထွက်ပေါ်။

ထိုင်းလက်ရွေးစင်အသင်းကြီးကို ၆ ကြိမ်မြောက်ဆူဇူကီးဖလားဆွတ်ခူးနိုင်အောင်စွမ်းဆောင်ပေးခဲ့တဲ့အသင်းခေါင်းဆောင် ချနာထစ်ကို ပြောင်းရွေ့ကြေး ဘတ် ၁၃၀ သန်းဖြင့်ခေါ်ယူဖို့ ဂျေလိဂ်လက်ရှိချန်ပီယံ ကာဝါဆာကီ ဖရွန်တာလေအသင်းကကြိုးပမ်းနေတယ်လို့သတင်းထွက်ပေါ်နေပါတယ်။

အာဆီယံရဲ့ဈေးအကြီးဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ချနာထစ်ကို ဘတ်သန်း ၁၂၀ ကနေ ၁၃၀ အကုန်ကျခံပြီးခေါ်ယူဖို့ရှိနေတယ်လို့ ဂျပန်သတင်းတွေကဖော်ပြထားပါတယ်။

ချနာထစ်အနေနဲ့ စပ်ပိုရိုအသင်းမှာ ၄ နှစ်ခွဲကစားခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၂ နှစ်ကျန်ရှိသေးတယ်လို့သိရပါတယ်။ သူဟာ ဂျေလိဂ်မှာ ပွဲပေါင်း ၁၂၃ ပွဲကစားထားပြီး ၁၅ ဂိုးသွင်းယူကာ ၂၂ ဂိုး ဖန်တီးထားနိုင်ပါတယ်။

 

 

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS