29 March 2024

ဝက်သားဈေးမြင့်တက်သည့်ပြဿနာကိုဖြေရှင်းရန်ရည်ရွယ်ချက်ဖြင့် ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနမှ ထိုင်းနိုင်ငံတဝန်း ၆၆၇ နေရာတွင် ဝက်သား ၁ ကီလိုဂရမ်လျင် ၁၅၀ ဘတ်ဈေးဖြင့် ရောင်းချပေးလျက်ရှိ။

ထိုင်းနိုင်ငံတွင် ဝက်သားထုတ်လုပ်အားကျဆင်းသွားပြီးနောက် ဝက်သား ၁ ကီလိုဂရမ်လျင် ၂၂၀ ဘတ်မှ ၃၀၀ ဘတ်အထိဈေးခုန်တက်ခဲ့ပြီး အချိန်မီပြဿနာဖြေရှင်းနိုင်ရန်ရည်ရွယ်၍ ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနမှ ထိုင်းနိုင်ငံတဝန်း ၆၆၈ နေရာတွင် ဝက်သား ၁ ကီလိုဂရမ်လျင် ၁၅၀ ဘတ်နှုန်းဖြင့် ယခုလကုန်အထိရောင်းချပေးနေသည်ဟု သိရသည်။

ထိုသို့ရောင်းချရာတွင် မြို့တော်ဗန်ကောက်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၅၀ နေရာ အပါအဝင် မိုဘိုင်းကား ၅၀ စင်း၊ အသင်း ၁၆ သင်း၊ စုစုပေါင်း ၁၁၆ နေရာ ရောင်းချပေးလျက်ရှိသည်ဟု ဆိုသည်။

နယ်ဒေသတွင် ကုန်သွယ်ရေးညွှန်ကြားရေးမှူးရုံး၏ညှိနှိုင်းမှုဖြင့် ဈေးအသီးသီးတွင် ၅၅၁ နေရာရောင်းချပေးနေသည်ဟု သိရသည်။

 

 

ရောင်းချပေးသည့်နေရာများကို အောက်ပါလင့်ခ်တွင်ကြည့်ရှုနိုင်သည်။

https://www.dit.go.th/Content.aspx?m=8&c=36749

SHARE THIS NEWS

OTHER NEWS