27 April 2024

,

ကာဝါဆာကီအသင်းထံပြောင်းရွှေ့ခဲ့တဲ့နောက် တစ်လလုပ်ခလစာ ဘတ် ၁.၈ သန်းရရှိတော့မယ့်ထိုင်းမက်ဆီ။

ထိုင်းဘောလုံးပရိသတ်တွေက “မက်ဆီဂျေ” လို့နာမည်ပြောင်ပေးထားတဲ့ ထိုင်းလက်ရွေးစင်ကွင်းလယ် ဖန်းတီးရှင် ချနာထစ် စွန်းကရစင်းဟာ စပ်ပိုရိုအသင်းကနေ ကာဝါဆာကီ ဖရွန်တာလေအသင်း (Kawasaki Frontale) ထံကို ဂျေလိဂ်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့နိုင်ခဲ့တဲ့အပြင် အသက် ၂၈ နှစ်သာ ရှိသေးတဲ့ ကွင်းလယ်ကစားသမားဟာ ၃ နှစ်စာချုပ်ကာလအတွင်းမှာ စုစုပေါင်းလုပ်ခလစာ ဘတ် ၆၄.၈ သန်း ရရှိမယ်လို့သိရပါတယ်။

ဒါကြောင့် သူရဲ့လုပ်ခလစာဟာ ၁ မိနစ်မှာ ၄၁.၇ ဘတ်၊ ၁ နာရီမှာ ၂,၅၀၀ ဘတ်၊ ၁ ရက်မှာ ၆၀,၀၀၀ ဘတ်၊ ၁ လ မှာ ၁.၈ သန်းဘတ်၊ ၁ နှစ်မှာ ၂၁.၆ သန်းဘတ်ရရှိမှာဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS