21 April 2024

,

စမတ်ဖုန်းပျောက်ဆုံးသွားသည်ဟုအိမ်မက်မက်ရာက ဖုန်းနံပါတ်နောက်ပိတ် ၂ လုံးကိုကောက်ပြီး ခင်ပွန်းဖြစ်သူရောင်းချနေသည့်ထီလက်မှတ်များထဲမှ ၂ စောင်ဆွဲယူထားရာက ဘတ် ၁၂ သန်းကံထူး။

၎င်း၏စမတ်ဖုန်းပျောက်ဆုံးသွားသည်ဟု အိမ်မက်မက်ပြီးနောက် ယင်းဖုန်းနံပါတ်နောက်ပိတ် ၂ လုံး ကိုကောက်ပြီး ခင်ပွန်းဖြစ်သူထီသည်ရောင်းချနေသည့်ထီလက်မှတ်များထဲက ၉၅ နောက်ပိတ် ၂ စောင်၊ ၅၉ နောက်ပိတ် ၂ စောင်ဆွဲယူထားပြီးကံစမ်းရာက ဘတ် ၁၂ သန်းကံထူးသွားသည်ဟု သူမ၏တူမဖြစ်သူက Thitima ဟုအမည်ပေးထားသော လူမှုကွန်ရက်အကောင့်တွင် ဖော်ပြထားသည်။

ဘတ် ၁၂ သန်းကံထူးရှင်သည် နွန်ထဘူရီခရိုင် စိုင်နွဲမြို့နယ် စိုင်နွဲကျေးရွာအုပ်စုတွင်နေထိုင်သူ စနိုင်း ကလွန်ယာ အသက် ၅၁ နှစ်ဖြစ်သည်ဟု သိရသည်။

ခင်ပွန်းဖြစ်သူမှာ အသက် ၅၈ နှစ်ရှိ အေကစစ် အဖိုင်ဖတ်ဖြစ်ပြီး ထီသည်တစ်ဦးဖြစ်သည်ဟု သိရသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS