23 April 2024

,

ကမ္ဘာ့ဘော်လီဘောအဖွဲ့ချုပ်ရဲ့ ၂၀၂၁ ခုနှစ်အကောင်းဆုံးကစားသမားဆုကို တောင်ကိုရီးယား ဘော်လီဘောမယ် Kim Yeon Koung ဆွတ်ခူး။

၂၀၂၁ ခုနှစ်ရဲ့အကောင်းဆုံးအမျိုးသမီးကစားသမား ၁၂ ဦးကို ကမ္ဘာ့ဘော်လီဘောအဖွဲ့ချုပ် (FIVB) က ပြီးခဲ့တဲ့ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပထမအကောင်းဆုံးဆုကို လက်ရွေးစင်ကစားသမားဘဝကနေအနားယူလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယား အသင်းခေါင်းဆောင် Kim Yeon Koung က ဆွတ်ခူးခဲ့ပါတယ်။

Kim ဟာ တောင်ကိုရီးယားအသင်းကို ၃ နှစ်ဆက် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရအောင်စွမ်းဆောင်နိုင်ခဲ့သလို ၂၀၂၀ အိုလံပစ်မှာ ဆီမီးဖိုင်နယ်ရောက်ရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

သူမဟာ အိုလံပစ်ပြိုင်ပွဲမှာ ၄ ကြိမ်အထိ တစ်ပွဲတည်းမှာအမှတ် ၃၀ စွမ်းဆောင်နိုင်တဲ့ပထမဆုံးကစားသမားလည်းဖြစ်ပါတယ်။

ဒါ့အပြင် YouTube နဲ့ Instagram မှာ စောင့်ကြည့်သူ ၁ သန်းကျော်တဲ့ ပထမဆုံးဘော်လီဘောကစားသမားလည်းဖြစ်ပါတယ်။

တောင်ကိုရီးယားလက်ရွေးစင်အသင်းအတွက် ၁၇ နှစ်ကြာ ကစားပေးခဲ့တဲ့နောက်မှာတော့ လက်ရွေးစင်ဘဝကနေအနားယူသွားခဲ့ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS