27 April 2024

ဒီကနေ့ နံနက်မြန်မာဘက်ခြမ်းက အကူအညီတောင်းလာလို့ လူနာ ၃ ဦးကို ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေသွားရောက်ကာ တာ့ခ်ခရိုင် ဖုတ်ဖလမြို့နယ် ဖုတ်ဖလဆေးရုံကို တင်ကုသလိုက်ရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသား ၃ ဦးမှာ မိုင်းကိုနင်းမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရသွားလို့ သောင်ရင်းမြစ်ကိုဖြတ်ကျော်ပြီး ထိုင်းဘက်ခြမ်းကိုဆေးလာကုဖို့အတွက် အကူအညီလှမ်းတောင်းလာတာလို့ ဒေသတွင်း မီဒီယာတွေကဖော်ပြထားပါတယ်။

မိုင်းနင်းမိတဲ့နေရာမြန်မာဘက်ခြမ်းက ဘယ်နေရာမှာပေါက်ကွဲမှုဖြစ်ပွားတာကို ဖော်ပြထားတာမရှိပေမယ့် ထိုင်းဘက်ခြမ်းကိုအကူအညီလှမ်းတောင်းလာတာကတော့ Ban Muen Rue Chai တဖက်ကမ်း ဖုတ်ဖလမြို့နယ် တာ့ခရိုင်ကလို့ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

Photo: Mae sot media

#Myanmar #Thailand #Journal #freecopy #ข่าวแรงงานต่างด้าว #Andrew_KC

SHARE THIS NEWS

OTHER NEWS