29 March 2024

ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၂၂

.

ထိုင်းကို တရားမဝင် ဝင်ရောက်ဖို့ကြိုးစားနေတဲ့ မြန်မာလုပ်သား ၁၃၆ ဦး နယ်စပ်တောလမ်းမှာအဖမ်းခံကြရပါတယ်။ ၁၁၀ ဦးအုပ်စုနဲ့ ၂၆ ဦးအုပ်စုဖြင့် တစ်ရက်ထဲမှာ အုပ်စုခွဲဖမ်းမိတာလို့ ဒေသတွင်းမီဒီတွေကဖော်ပြထားပါတယ်။

 

 

မြန်မာ-ထိုင်းနယ်စပ် ကန်ကျနဘူရီခရိုင် ဟွေ့နမ်းခေါင်ကျေးရွာ ဘန်ကောင်ကျေးရွာအုပ်စု ကန်ကျနဘူရီမြို့နယ်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှာ ၂၆ ဦးကိုဖမ်းမိပါတယ်။

 

 

နမ်းဖူးလွန်းကျေးရွာ ဘန့်ကောင်ကျေးရွာအုပ်စု ကန်ကျဘူရီခရိုင် ကန်ကျနဘူရီမြို့နယ်ထဲမှာတော့ ၁၁၀ ဦးကို ညနေ ၄ နာရီအချိန်မှာဖမ်းမိတာပါ။ အမျိုးသား ၇၆ ဦးနဲ့ အမျိုးသမီး ၃၄ ဦးလို့သိရပါတယ်။

 

 

ထိုင်းအာဏာပိုင်တွေ မေးမြန်းသိရှိချက်အရ သူတို့တွေဟာ ထိုင်းမှာအလုပ်ရဖို့ တစ်ဦးကို ၁၈၀၀၀ ကနေ ၂၇၀၀၀ ဘတ်အထိ ပွဲစားကိုပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ထားဝယ်၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်နှင့် ရခိုင်ကနေလာကြတာလို့ ပြောပါတယ်။ ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်၊ ချွန်ဘူရီခရိုင်၊ စမုဆာခွန်ခရိုင်၊ ဗန်ကောက်နဲ့ စမုပရာကန်ခရိုင်တွေမှာ အလုပ်လုပ်ဖို့ လာခဲ့ရာကနေ အဖမ်းခံကြရတာပါ။ တရားမဝင် ဝင်ရောက်မှု၊ ထိုင်းအမျိုးသားကျန်းမာရေးစည်းကမ်းများကို ချိုးဖောက်မှုဖြင့် အရေးယူဆောင်ရွက်သွားပြီးရင် ပြည်နှင်ဒဏ်ခံရမယ်လို့ သိရပါတယ်။

 

ကိုချစ် (ဇွဲကပင်မြေ)

Photo: Army PR Center #ข่าวแรงงานต่างด้าว #Andrew_KC

SHARE THIS NEWS

OTHER NEWS