19 April 2024

ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၂

ဒီကနေ့နံနက် ၃ နာရီခွဲအချိန်တွင် ထိုင်းကိုဝင်ရောက်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံသား ၄၈ ယောက်နဲ့ လမ်းပြ ၃ ယောက်ကို ဖမ်းဆီးရမိထားတယ်လို့ တာ့ခ်နယ်စပ်ခရိုင် ဖုတ်ဖလမြို့နယ်ဒေသတွင်းမီဒီယာကဖော်ပြထားပါတယ်။

 

 

သူတို့ကို ဇန်နဝါရီလ ၃၀ ရက်နေ့ ပါကာခေါင်ကျေးရွာ စီရီရာတ်ကျေးရွာအုပ်စု ဖုတ်ဖလမြို့နယ် တာ့ခ်ခရိုင်မှာ ကင်းလှည့်နေတဲ့တပ်ဖွဲ့ဝင်တွေကဖမ်းလိုက်တာပါ။ မြန်မာနိုင်ငံသား ၄၈ ယောက်မှာ အမျိုးသား ၃၃ ယောက်နဲ့ အမျိုးသမီး ၁၅ ယောက်ဖြစ်ပါတယ်။

 

 

မြန်မာနိုင်ငံသား ၄၈ ယောက်နဲ့ လမ်းပြ ၃ ယောက် ပစ်ကပ်ကား ၃ စီးကိုပါ သက်သေယူထားပြီး တရားဥပဒေအရဆောင်ရွက်ရန် မြို့နယ်ရဲစခန်းကိုဖမ်းခေါ်သွားခဲ့ပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

Photo: MorsaiNews #ข่าวแรงงานต่างด้าว #Andrew_KC

SHARE THIS NEWS

OTHER NEWS