24 March 2024

ကိုဗစ်-၁၈ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိခြင်းကြောင့် နှလုံးစည်းချက်မမှန်သည့်လူနာတစ်ဦးဖြစ်သူ D.J. Ferguson ဆိုသူကို BWH ဆေးရုံးက နှလုံးအစားထိုးကုသပေးရန် ငြင်းပယ်ခဲ့သည်ဟု သိရသည်။

သားဖြစ်သူမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်ဆန့်ကျင်းခြင်းမရှိဘဲ ကာကွယ်ဆေးဘေးထွက်ဆိုးကျိုးအပေါ်စိုးရိမ်ခြင်းကြောင့် ထိုးနှံထားခြင်းမရှိကြောင်း မိခင်ဖြစ်သူက ဆိုသည်။

လူနာအသက်ရှင်နိုင်ခြေမြင့်မားစေရန်အတွက် အမေရိကန်ပြည်ထောင်စုတစ်ခုလုံးရှိ ဆေးရုံများတွင်ကျင့်သုံးနေသည့် စည်းကမ်းဖြစ်သည်ဟု ဆေးရုံးဘက်က ဖြေရှင်းထားသည်။

“ကျမတို့စပ်မူးမတ်ကူးကာလမှာရောက်နေတယ် ထိလွယ်ရှလွယ်တဲ့ကိစ္စဖြစ်တယ်”ဟု သားဖြစ်သူ နှလုံး အစားထိုးကုသရန်အတွက် အလှူခံရာတွင် ကန်ဒေါ်လာသောင်းဂဏန်းရရှိထားသည့် လူနာမိသားစုဘက် က မှတ်ချက်ပေးသည်။

သားဖြစ်သူသည် အစားထိုးခွဲစိတ်ရန်သဘောတူထားသည့်လူနာတစ်ဦးဖြစ်ပြီး ကာကွယ်ဆေးထိုးနှံလျင် ရောဂါအခြေအနေပိုမိုဆိုးရွားလာရန်မရှိကြောင်းနှင့်အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်မဖြစ်နိုင်ကြောင်း အာမခံချက်ပေးနိုင်လျင် ထိုးနှံမည်ဟု မိခင်ဖြစ်သူကဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS