26 April 2024

,

ဆီးရီးယားအသင်းကို ၂ ဂိုးပြတ်အနိုင်ယူပြီးနောက် တောင်ကိုရီးယားအသင်း ၁၀ ကြိမ်မြောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်။

ပြီးခဲ့သည့် အင်္ဂါနေ့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဆီးရီးယားအသင်းနှင့်တောင်ကိုရီးယားအသင်းတို့၏အာရှဇုန် ကမ္ဘာဖလားခြေစစ်ပွဲစဉ်တွင် တောင်ကိုရီးယားအသင်းက ၂ ဂိုးပြတ်အနိုင်ယူခဲ့ပြီးနောက် ရမှတ် ၂၀ ရရှိခဲ့ပြီး အုပ်စုတတိယအဆင့်တွင် ရပ်တည်နေသည့် ယူအေအီးအသင်းကို ၁၁ မှတ်နောက်ကောက်ချန်ထားနိုင်ခဲ့တာကြောင့် ကာတာနိုင်တွင်ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်သွားပြီဟု သိရသည်။

တောင်ကိုရီးယားအသင်းအနေဖြင့် ၁၀ ကြိမ်မြောက်ခြေစစ်ပွဲအောင်မြင်ခြင်းဖြစ်ပြီး အာရှဇုန်တွင် ဒုတိယမြောက်ခြေစစ်ပွဲအောင်မြင်သည့်အသင်းလည်းဖြစ်သည်။

တောင်ကိုရီးယားအသင်းသည် အီရန်၊ ယူအေအီး၊ လက်ဘနွန်၊ အီရတ်၊ ဆီးရီးယားအသင်းတို့ နှင့်အတူ အုပ်စု (က) တွင်ကျရောက်နေပြီး ၈ ပွဲကစားပြီးချိန်တွင် အုပ်စုဒုတိယနေရာတွင်ရပ်တည်နိုင်ခဲ့၍ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS