29 March 2024

ဖေဖော်ဝါရီလ ရ ရက်နေ့မှာ နေရပ်ပြန်ခွင့်ရတဲ့ ထိုင်းကမြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ စနေ၊ တနင်္လာ၊ ဗုဒ္ဓဟူး တစ်ပတ်လျှင် ၃ ရက်ဖြင့် ထိုင်းကနေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေကို မဲဆောက်-မြဝတီနယ်စပ်က လက်ခံပေးနေတာပါ။

 

 

ထိုင်းကမြန်မာနိုင်ငံသားတွေကို အထွက်မှာခွင့်ပြုထားပေမယ့် ထိုင်းပြန်ဝယ်မယ့်ကိစ္စကိုတော့ ဖွင့်မပေးသေးပါဘူး။ ဒီကနေ့ နေရပ်ပြန်ခွင့်ရတဲ့ မြန်မာနိုင်ငံသားတွေမှာ ကချင် ၁ ဦး၊ ကရင် ၄၅ ဦး၊ ချင်း ၃ ဦး၊ မွန် ၄၂ ဦး၊ ပဲခူး ၃၇ ဦး၊ မကွေး ၁၆ ဦး၊ ရန်ကုန် ၇ ဦး၊ မန္တလေး ၆ ဦး၊ နေပြည်တော် ၂ ဦး၊ ရှမ်း ၉ ဦး၊ ရခိုင် ၁၇ ဦး၊ ဧရာဝတီ ၁၅ ဦး၊ စုစုပေါင်း ၂၀၀ ဦးကို မဲဆောက်-မြဝတီနယ်စပ်ကနေ ပြန်ခွင့်ရကြောင်း သိရပါတယ်။

 

 

#MingalaparTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlif #BKK##Covid19TH #ข่าวแรงงานต่างด้าว #Andrew_KC

SHARE THIS NEWS

OTHER NEWS