26 April 2024

,

ဆယ်စုနှစ် ၆ ခုကြာစောင့်ဆိုင်းခဲ့ပြီးနောက် ပထမဆုံးတိုက်ချန်ပီယံဆုအတွက် ဆီနီဂေါပရိသတ်များ သောင်းသောင်းဖြဖြ အောင်ပွဲခံ။

အာဖရိကာနေရှင်းဖလားကို ၇ ကြိမ်အထိဆွတ်ခူးထားတဲ့ ပြိုင်ဘက်အီဂျစ်အသင်းကို အလှဲထိုးနိုင်ခဲ့တဲ့နောက်မှာ ဆီနီဂေါဘောလုံးပရိသတ်တွေရဲ့ဆယ်စုနှစ် ၆ ခုကြာစောင့်စားရတဲ့ဒုက္ခကို သူတို့ရဲ့ ကစားသမားတွေက အဆုံးသတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

သမိုင်းဝင်ချန်ပီယံဖလားနဲ့အတူအိမ်ပြန်လာတဲ့သူရဲကောင်းတွေကို မြို့တော်ဒါကာကပြည်သူသောင်းနဲ့ချီပြီး သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။

ဆီနီဂေါအသင်းဟာ ၁၉၆၅ ခုနှစ်ကစလို့ အာဖရိကာနေးရှင်းဖလားပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၀၂ နဲ့ ၂၀၁၉ နှစ်တွေမှာဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပေမဲ့ ဒုတိယဆုနဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

၂၀၂၁ အာဖရိကာနေရှင်းဖလားပြိုင်ပွဲမှာတော့ သူတို့ရဲ့အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ အစဉ်အလာကြီးမားတဲ့ အီဂျစ်အသင်းကို ပွဲကစားချိန် ၁၂၀ မှာ သရကျခဲ့ပေမဲ့ ပယ်နယ်တီအဆုံးအဖြတ်မှာ အသာစီးရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့ မျက်နှာသစ်ဆီနီဂေါအသင်းက ၁၉၉၈ ချန်ပီယံ ပြင်သစ်အသင်းကို ကိုရီးယား-ဂျပန်ပူးတွဲကျင်းပတဲ့ ၂၀၀၂ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ၁-၀ ဂိုးနဲ့အနိုင်ယူခဲ့တာ ဘောလုံးပရိသတ်တွေမှတ်မိကြမယ်ထင်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS