19 April 2024

ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၂

ဖေဖော်ဝါရီ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့မှာ တရားမဝင် မြန်မာနိုင်ငံသား ၈ ကြိမ်ဖမ်ဆီးခြင်းခံရတယ်။ စုစုပေါင်း ၂၆၄ ဦးအထိရှိတယ်လို့ မြန်မာ-ထိုင်းနယ်စပ် ကန်ကျနဘူရီခရိုင်တွင်းက ဒေသခံမီဒီယာတွေကဖော်ပြထားပါတယ်။

 

 

ထိုင်းကို တရားမဝင် ဝင်ရောက်လုပ်ကိုင်ဖို့ကြိုးစားနေတဲ့ မြန်မာနိုင်ငံသား ၂၆၄ ဦး နယ်စပ်တောလမ်းတွေမှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့ သိရပါတယ်။ သူတို့တွေကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့မှာ အဖမ်းခံလိုက်ရတာလို့ သိရပါတယ်။

 

 

အဖမ်းခံရတဲ့အထဲမှာ အမျိုးသား ၁၅၆ ဦး၊ အမျိုးသမီး ၁၀၈ ဦးနဲ့ လမ်းပြ ၄ ဦးလဲပါတယ်လို့ဖော်ပြချက်အရသိရတာပါ။ မြန်မာနိုင်ငံသားတွေမှာ မော်လမြိုင်၊ ပဲခူး၊ ရခိုုင်ကနေလာကြတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ စမုဆာခွန်၊ ရယောင်း၊ ကန်ကျနဘူရီနဲ့ဗန်ကောက်ကိုအလုပ်သွားလုပ်ကြမှာဖြစ်ပါတယ်။

 

 

အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၂၆၄ ဦး ပြောပြချက်အရ “တို့နိုင်ငံမှာ ကိုဗစ်၁၉ ကူးစက်တယ်၊ နိုင်ငံရေးကလဲ မကောင်းတော့ အလုပ်အကိုင်မရှိကြဘူး။ အဲဒါကြောင့် ပွဲစားကို တစ်ဦးလျှင် ၂၅၀၀၀ ဘတ်ငှားပြီး၊ ထိုင်းကိုလာဖို့ ရွေးချယ်လိုက်တာ” လို့ ပြောပါတယ်။ ထိုနောက် ထိုင်းကိုတရားမဝင် ဝင်ရောက်လာမှုနဲ့ အရေးယူဆောင်ရွက်ဖို့ ခရိုင် ရဲစခန်းက ဖမ်းထားလိုက်တယ်လို့ သိရပါတယ်။

 

 

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ- ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี

#MingalaparTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlif #BKK##Covid19TH #ข่าวแรงงานต่างด้าว #Andrew_KC

SHARE THIS NEWS

OTHER NEWS