23 April 2024

အိန္ဒိယမဟာသူကြွယ် Gautam Adani ၏ပိုင်ဆိုင်မှုသည် အမေရိကန်ဒေါ်လာ ၉၀ ဘီလျံ (ဘတ် ၂.၉ ထရီလျံ) အထိခုန်တက်လာပြီးနောက် တစ်နိုင်ငံတည်းသားနံပါတ်-၁ သူကြွယ် Mukesh Ambani ကိုကျော်

တက်ပြီး အာရှတွင်အချမ်းသာဆုံးဖြစ်လာကာ ကမ္ဘာတွင် ဒသမအချမ်းသာဆုံးဖြစ်လာသည်ဟု ဘလူးဘတ်က ပြီးခဲ့သည့်ဖေဖော်ဝါရီ ၈ တွင် ဖော်ပြခဲ့သည်။

အသက် ၅၉ နှစ်ရှိသူ အဒါနီပိုင်ဆိုင်သော Adani လုပ်ငန်းစုတွင် ဆိပ်ကမ်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ အပူ လောင်ဆာဆီနှင့်သဘာဝဓာတ်ငွေ့မှစွမ်းအင်ထုတ်လုပ်သည့်လုပ်ငန်းများအပါအဝင် အာကာသနည်း

ပညာလုပ်ငန်းများအထိပါဝင်နေပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၈.၅ ဘီလျံရှိသည်ဟု ဘလူးဘတ်ကဖော်ပြထားသည်။

၂၀၂၁ နှစ်ဦးပိုင်းတွင် အဒါနီ၏ပိုင်ဆိုင်မှုသည် ကန်ဒေါ်လာ ၄၀ ဘီလျံသာရှိခဲ့သော်လည်း နှစ်ကုန်ပိုင်းတွင်အဒါနီ၏စီးပွားရေးလုပ်ငန်းတန်ဖိုးသည် အခြားသူကြွယ်များနည်းတူ ပြန်လည်ဉီးမော့လာခဲ့ပြီး Mukesh Ambani ကိုကျော်တက်ကာ အာရှအချမ်းသာဆုံးဖြစ်လာသည်ဟု ဖော်ပြထားသည်။

ကိုဗစ်-၁၉ ရိုတ်ခတ်မှုကြောင့် Adani Group လုပ်ငန်းစုဝင်တစ်ခုဖြစ်သော Adani Enterprises ၏ မွန်ဘိုင်းစတော့အိတ်ချိန်းဈေးကွက် စတော့ရှယ်ယာတန်ဖိုးသည် ၂၀၂၀ နှစ်လယ်ပိုင်းတွင်အနိမ့်ဆုံး အဆင့်သို့ ထိုးကျခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် အိန္ဒိယရှိ အခြေခံအဆောက်အအုံလုပ်ငန်း၊ ထောက်ပံ့ပိုဆောင်ရေးလုပ်ငန်းနှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းများ ဦးမော့လာခြင်းကြောင့် ၁,၀၀၀% အထိပြန်လည်ခုန်တက်ခဲ့သည်ဟု ဖော်ပြထားသည်။

 

 

တချိန်တည်းတွင် အဆိုပါလုပ်ငန်းများသည် အိန္ဒိယအစိုးရ၏ကိုဗစ်အလွန် စီးပွားရေးပြန်လည်နာလန်ထူရေးအတွက် ငွေသုံးစွဲမည့်အစီအစဉ်တွင်ပါဝင်နေသည်ဟု ဆိုသည်။

အလားတူ အဒါနီလုပ်ငန်းစုထဲရှိ သဘာဝစွမ်းအင်ကုမ္ပဏီများ၏ စတော့ရှယ်ယာတန်ဖိုးသည် ပြီးခဲ့သည့် ၂ နှစ်အတွင်း ၆၀၀% အထိ ခုန်တက်ခဲ့သည်ဟု ဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS