26 April 2024

၂၀၂၁ ခုနှစ်တွင် ထိုင်းအစိုးရပိုင် PTT Group လုပ်ငန်းစု ဘတ် ၁၀၀ ဘီလျံကျော် အမြတ်ငွေရရှိ။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ထိုင်းအစိုးရပိုင် PTT Group လုပ်ငန်းစု၏အမြတ်ငွေသည် ဘတ် ၁၀၀ ဘီလျံကျော်ရှိခဲ့ပြီး အများစုသည် PTT ၏ ပြည်တွင်းပြည်ပလုပ်ငန်းများအပါအဝင် PTT ကတိုက်ရိုက်ရှယ်ယာ ဝင်ထားသော ကုမ္ပဏီ ၃၀ ခု မှရရှိလာသည့်အမြတ်ငွေများဖြစ်ပြီး စက်သုံးဆီလုပ်ငန်းမှ ၂ % သာပါဝင် သည် ဟု ထုတ်ပြန်ထားသည်။

အဆိုပါနှစ်တွင် PTT ၏ အသားတင်အမြတ်ငွေသည် ဘတ် ၁၀၈,၃၆၃ သန်းရှိခဲ့ပြီး ရောင်းအား၏ ၅% နှင့်ညီမျှကာ နိုင်ငံတော်ကို ဘတ် ၈၂,၅၀၀ သန်းပေးသွင်းနိုင်သည်ဟု ဖော်ပြထားသည်။

 

 

PTT Group အနေဖြင့် လူမှုရေးလုပ်ငန်းများကို တောက်လျှောက်လုပ်ဆောင်နေပြီး ပြီးခဲ့သည့်နှစ်များတွင် ရွေ့လျားကာကွယ်ဆေးစုရပ်၊ ကိုဗစ်-၁၉ စစ်ဆေးရေးစုရပ်၊ အလုံးစုံယာယီဆေးရုံ စသည်တို့ကိုဆောင်ရွက်ခဲ့ပြီး ဘတ်ဂျက်ငွေ ဘတ် ၁.၉ ဘီလျံသုံးစွဲခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် Restart Thailand ပရိုဂရမ်မှတဆင့် ကျောင်းပြီးခါကလူငယ်ပေါင်း ၄၈,၀၀၀ ဦးကို အလုပ်ပေး နိုင်ခဲ့ပြီး PTT Group School Model၊ KVIS၊ VISTEC၊ Café Amazon for Chance စသည့် ပရိဂရမ်များကိုလည်း ရှေ့တိုးလုပ်ဆောင်နေသည်ဟု ဆက်လက်ဖော်ပြထားသည်။

ပေါက်ဖော် (လားရှိုး)

SHARE THIS NEWS

OTHER NEWS